Thitsarparami

သစ္စာပါရမီ ရေဒီယို၊ ဓမ္မရေဒီယို၊ online radio၊ အွန်လိုင်း ရေဒီယို၊

Informações

သစ္စာပါရမီ ဓမ္မမိသားစုမှ ဆရာတော် ဘုရားကြီးများ ပြန်လည်ဟောကြားပေးထားသည့် မြတ်ဗုဒ္ဓ၏ တရားတော်များကို အနယ်အနယ် အရပ်ရပ်မှ တရားချစ်ခင်သူတော်စင်များအတွက် ရည်ရွယ်၍ ၂၀၁၅ ခုနှစ်၊ မေလ (၁)ရက်နေ့ နံနက် (၈) နာရီမှ စတင်၍ ထုတ်လွှင့်ပေးခြင်း ဖြစ်ပါသည်။ အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား တရားနာရခြင်း၏ အကျိုး ၅-ပါးတို့ကို ဟောတော်မူခဲ့ပါသည်။ ရဟန်းတို့၊ တရားနာကြားခြင်း၏ အကျိုး ၅-ပါးရှိသည်။ ယင်းတို့မှာ- (၁) တရားနာသူသည် မကြားဘူးသေးသော တရားကို ကြားနာရခြင်း။ (၂) ကြားနာဖူးသော တရားကို ပိုမိုရှင်းလင်းစွာ သိရရှိရခြင်း။ (၃) ယုံမှားသံသယ ကင်းရှင်းခြင်း။ (၄) အယူအဆ ဖြောင့်မှန်ခြင်း။ (၅) စိတ်ကြည်လင်ခြင်း-ဟူသော အကျိုး ၅-ပါးကို ရစေ၏-ဟု ဟောတော်မူသည်။

Telefone: +959797436739